ဒေါင်းလုဒ်
ဖိုင်တွေကို ကိုယ်ပိုင် server မှာ တင်ထားပြီး link က တိုက်ရိုက် ဒေါင်းပါသည်။ Downloads are served straight from our own server - no third-party mirror.
iPhone / iPad အတွက် မထွက်သေးပါ။ Android ဖုန်း (သို့) Windows ကွန်ပျူတာမှာ သုံးနိုင်ပါသည်။
ဘာတွေ လုပ်ပေးလဲ
ဆိုင်တစ်ဆိုင်ရဲ့ နေ့စဉ်အလုပ် အားလုံး တစ်နေရာတည်းမှာ။
-
ကုန်ပစ္စည်း စာရင်း
Barcode, ဓာတ်ပုံ, အမျိုးအစား, ကုန်ဆုံးရက်။ ကုန်နည်းရင် သတိပေးပြီး စာရင်းရှင်း (stock take) လည်း လုပ်နိုင်သည်။
-
အရောင်းနှင့် ပြေစာ
လျှော့စျေး၊ လက်ကားစျေး၊ ပြန်အမ်းငွေ။ ပြေစာကို ပရင့်ထုတ် (သို့) PDF ပို့နိုင်ပြီး ငွေလက်ခံပုံ (ငွေသား၊ KBZPay, Wave) ကိုပါ မှတ်သည်။
-
အကြွေး စီမံခန့်ခွဲ
ဖောက်သည် အကြွေးနှင့် ပေးသွင်းသူ အကြွေး၊ ပေးချေမှု မှတ်တမ်းအပြည့်။ ကြွေးကျန်ကို ၀-၃၀ / ၃၁-၆၀ / ၆၀+ ရက် ခွဲပြလို့ ဘယ်သူ့ကို အရင်တောင်းရမလဲ မြင်ရသည်။
-
အင်တာနက် မလိုဘဲ
Signal မရှိလည်း ဆက်ရောင်းနိုင်သည်။ လိုင်းပြန်ရတာနဲ့ ရောင်းထားသမျှ အလိုအလျောက် sync ဖြစ်ပြီး တစ်ခါရောင်းတာ နှစ်ခါ မဖြစ်ပါ။
-
အစီရင်ခံစာ
နေ့စဉ်/ကာလအလိုက် အရောင်း၊ အမြတ်၊ အသုံးစရိတ်။ နေ့ပိတ်တဲ့အခါ လက်ကျန်ငွေနဲ့ စာရင်းကို တိုက်ဆိုင် စစ်နိုင်သည်။
-
ဝန်ထမ်း စီမံခန့်ခွဲ
ဝန်ထမ်းဖိတ်ခေါ်ပြီး ရာထူးအလိုက် ဘာဖွင့်ခွင့်ရှိလဲ သတ်မှတ်ပါ။ ဘယ်သူ ဘာလုပ်သွားလဲ မှတ်တမ်းမှာ အကုန်ပေါ်သည်။
ဖန်သားပြင် ပုံများ
ဘေးတိုက် ဆွဲကြည့်ပါ။Swipe to see more.






ဘယ်လို install လုပ်ရမလဲ
ပထမဆုံးအကြိမ် တင်တဲ့အခါ ဖုန်း/ကွန်ပျူတာက သတိပေးချက် ပြပါလိမ့်မယ် - ပုံမှန်ပါပဲ။
Android ဖုန်း
- အပေါ်က Android ဖုန်း ကတ်ကို နှိပ်ပြီး APK ဖိုင် ဒေါင်းပါ။ ဖိုင်က ၁၀၀ MB ဝန်းကျင် ရှိလို့ Wi-Fi နဲ့ ဒေါင်းတာ အသက်သာဆုံးပါ။
- ဒေါင်းပြီးတဲ့ ဖိုင်ကို နှိပ်ဖွင့်ပါ။
- "ဤရင်းမြစ်မှ install ခွင့်ပြုမလား" မေးရင် ခွင့်ပြုပါ → Install နှိပ်ပါ။
- Play Protect က "စစ်ဆေးမထားသော app" ပြရင် Install anyway ကို နှိပ်ပါ။
Windows ကွန်ပျူတာ
- အပေါ်က Windows ကွန်ပျူတာ ကတ်ကို နှိပ်ပြီး installer (.exe) ကို ဒေါင်းပါ။
- ဒေါင်းပြီးတဲ့ ဖိုင်ကို နှစ်ချက်နှိပ်ပါ။
- "Windows protected your PC" ပေါ်လာရင် More info → Run anyway နှိပ်ပါ။
- Next တွေ နှိပ်သွားပြီး install ပြီးတာနဲ့ Start menu ထဲမှာ Retail Stock ပေါ်ပါလိမ့်မယ်။
အကူအညီ လိုပါသလား
Install မရဘူး၊ ဘယ်လိုသုံးရမလဲ မသိဘူးဆိုရင် တိုက်ရိုက် ဆက်သွယ်လို့ရပါတယ်။